
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ ငရုပ်သီးခြောက်(အရှည်)လက်လီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၄၅၀၀)ကျပ်နှင့်(၁၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကျွန်းလှမြို့ ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ/နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။
DOCA(စစ်ကိုင်း)