
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန် ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ဒေသထွက် ကြက်ဥများ၊ ငုံးဥများ ဘဲဥဈေးနှုန်းများအနေဖြင့် ဗမာကြက်ဥ ( ၁ )လုံးလျှင် ( ၈၀၀)ကျပ်မှ ( ၁၀၀၀) ကျပ် ဖြင့်လည်းကောင်း၊ ကြက်ဥ အလုံးသေး ( ၁ )လုံးလျှင် ( ၄၀၀)ကျပ်၊ အလတ် (၁ )လုံးလျှင် ( ၄၅၀) ကျပ်၊ အကြီး ( ၁) လုံးလျှင် ( ၅၀၀ )ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥ တစ်လုံးလျှင် ( ၆၅၀)ကျပ်မှ ( ၇၀၀)ကျပ်၊ ငုံးဥ ( ၁၀)လုံးပါတစ်ထုပ်လျှင် ( ၁၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရ သည်။
Doca(စစ်ကိုင်း)