
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှု မှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် (စီးထွက်) လျက်ရှိကြောင်းသိရသည်။
ယခင်လ ၂၀၂၅ ခုနှစ် မေလ ၁လအတွင်း မအူပင် ဆန်တင်ပို့မှု အိတ် ၁၉၉၀၊ ပန်းတနော် ဆန်တင်ပို့မှု ၁၇၅၄၂၊ ညောင်တုန်းဆန်တင်ပို့မှု ၁၈၆၆၅၆၊ ဓနုဖြူမြို့ဆန်တင်ပို့မှု ၂၄၄၅၀ အိတ်နှင့် စုစုပေါင်း (၁၉၀၆၄၈) တင်ပို့ပြီး တန်အားဖြင့် ၉၅၃၃ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၂၇၈၀၁၀ အိတ် နှင့် တန်အားဖြင့် ၁၃၉၀၀ တန် ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အခြားမြို့နယ်များမှ ဆန်တင်ပို့မှု ဧပြီလထက် ဆန်အိတ်ရေ (၁၀၀၂၆၃)အိတ် ပိုမိုတင်ပို့လာကြောင်း၊ မအူပင်ခရိုင်မြို့နယ်များအနေဖြင့် ဧပြီလထက် ဆန်အိတ်ရေ (၁၂၂၅၆၈) အိတ်ပိုမို့တင်ပို့ကြောင်း တွေ့ရှိရသည်။
ဧရာဝတီတိုင်းဒေသကြီးထွက် ဆန်များကို သီလဝါဆိတ်ကမ်း၊သံလျှင်မြို့၊ ဆူးလေဆိတ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိတ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုတ်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုတ်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက်ကြံမြို့၊ ရွှေလင်ပန်းစက်မှုဇုန်းလှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင်ပိုလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)