Main menu

Online Sale ရောင်းချသည့် ဇယမ်းဝင်းလုပ်ငန်းရှင်အား Online Sale မှတ်ပုံတင်နိုင်ရေး အသိပညာပေးဆောင်ရွက်

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၁၀ ) ရက်နေ့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးမှူးရုံးတွင် Online Sale မှတ်ပုံတင်ရန်အတွက် ကလေးခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု−ဦးစီးမှူး ) မှ အသိပညာပေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

          အသိပညာပေးဆောင်ရွက်ရာတွင် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ်ရာတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိနိုင်ရန်နှင့် လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Doca(စစ်ကိုင်း)