Main menu

လွိုင်ကော်သီရိမင်္ဂလာဈေးတွင် အာလူးဈေးနှုန်းအနည်းငယ်မြင့်လျက်ရှိ

Powered by Drupal

    ကယားပြည်နယ် ၊လွိုင်ကော်မြို့တွင်ရောင်းချနေသော အာလူးများကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့၊ အောင်ပန်းမြို့မှ တင်သွင်းလျက်ရှိပြီး လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ရောင်းချလျက်ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးများသည် အလုံးအကြီး ၊ အလတ်နှင့်အသေး အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ရောင်းချလျက်ရှိပြီး ယခင် ဇွန်လပထမပတ်တွင် အလုံးကြီး တစ်ပိဿာလျှင် ( ၄၅၀၀ )ကျပ် ၊ အလတ် တစ်ပိဿာလျှင် ကျပ် (၃၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာ(၂၈၀၀ )မှ (၃၀၀၀)ကျပ်ထိ ရောင်းချနေသည်ကို တွေ့ရှိရပါတယ်။

    ယခု ဇွန်လဒုတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသောအာလူး ဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးကြီးမှာ ( ၅၀၀၀ ) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အလုံးလတ်နှင့်အလုံးသေးမှာ ဈေးနှုန်းတည်ငြိမ်လျက်ရာရှိပြီး  ယခု ဇွန်လဒုတိယပတ်တွင် တစ် ပိဿာလျှင် ကြီး( ၅၀၀၀ ) ကျပ် ဈေးရှိခဲ့ပြီး ယခု ဇွန်လဒုတိယပတ် နှင့် ယခင် ဇွန်လ ပထမပတ်တို့ နှိုင်းယှဉ်လျှင် တစ်ပိဿာ ( ၅၀၀ ) ကျပ်ခန့် ဈေးနှုန်းအနည်းငယ်မြင့်တတ်လာကြောင်း အားလူးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)