
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊မအူပင်မြို့နယ်ရှိ ဆန်စက်ကြီးများမှ ဒေသထွက် စပါးများဝယ်ယူကြိတ်ခွဲရောင်းချ တင်ပိုလျက်ရှိပြီး ယနေ့ မအူပင်မြို့နယ် စပါး/ ဆန် ဈေးကွက် ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ဆင်းသုခစပါးတင်း ၁၀၀ လျှင် စက်အရောက်ဈေး ၁၅၀၀၀၀၀ ကျပ်၊ GW-11 စပါးတင်း ၁၀၀ လျှင် စက်အရောက်ဈေး ၁၅၅၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သိရှိရပါသည်၊၊
ဆန်ဈေးအနေဖြင့် ဆင်းသုခ ဆန်တစ်အိတ်လျှင် ကျပ် ၆၀၀၀၀/-နှုန်းဖြင့် ၁ပြည်လျှင် ၂၈၀၀ကျပ်ဖြင့်လည်း၊ ၊ GW- 11 ဆန်တစ်အိတ်လျှင် ကျပ် ၆၄၈၀၀ နှုန်း ဖြင့် ၁ပြည်လျှင် ၂၇၀၀ ကျပ်ဖြင့် မအူပင်ဈေးကွက်တွင် အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်းသိရှိရပြီး ရန်ကုန်သို့ နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်၊၊
DOCA (ဧရာဝတီ)