
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ နံနက် (၁၀ : ၀၀ ) အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ပြည်နယ်အတွင်း ရောင်းဝယ် ဖောက်ကားခြင်း ၊ ဆေးများပြတ်လပ်ခြင်း၊ ဈေးကွက်အတွင်း၌ စပ်ဆေးများ ရောင်းချခြင်း ရှိ/ မရှိ ၊ အိမ်သုံးဆေးဝါးများရောင်းချနေသော ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှုရှိ/ မရှိ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးဆိုင်များ၌ ရောင်းချနေသော အိမ်သုံးဆေးဝါးများနှင့်ဆေးဝါးဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ရောင်း ချခြင်းမရှိကြောင်း၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ၊ ဈေးကစားခြင်းအလိုငှာ သို့လှောင်ထားခြင်းလည်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဆေးများကို မန္တလေးမြို့၊ တောင်ကြီး၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများထံမှ မှာယူရောင်းချရောင်း၊ ရောင်းချနေသောဆေးဝါးများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှိ၏ ညွှန်ကြား ချက်အမှတ် ၂/ ၂၀၁၉ ကုန်အညွှန်းအမှတ်အသားပါ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော စာသားများပါ ကိုက်ညီမှုရှိတဲ့ဆေးဝါးမျာသာ ဝယ်ယူရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)