Main menu

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အစေ့ထုတ်ပြောင်းနှင့် ဆီထွက်သီးနှံများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်သီးနှံများကို ကန့်ဘလူ မြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေ ဖြင့် ဇွန်လဒုတိယပတ်အတွင်း နေကြာ(၁)တင်းလျှင် (၅၃၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဇွန်လ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၅၈၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်း လျှင် (၁၁၂၀၀၀)ကျပ်၊ မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၂၁၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း၊  အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ၌ မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း အစေ့ထုတ်ပြောင်း (၁)တင်းလျှင် (၂၁၂၀၀)ကျပ်၊  ဇွန်လ ဒုတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၆၃၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင်း ဘိလပ်စေ့ (၁)တင်းလျှင် (၂၀၀၀)ကျပ်ကျဆင်းသွားကြောင်း၊  ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိ ပါသည်။

Doca(စစ်ကိုင်း)