
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး (၉.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်မှစတင်၍ အခြေခံစားသောက်ကုန် ဆန်၊ ဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဆန်နှင့် စားအုန်းဆီများရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးနှင့် မြို့နယ်စားအုန်းဆီ လက္ကားကိုယ်စားလှယ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၂၀)နှင့် ဆင်းသုခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ်တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၅)အိတ် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချခြင်းကို ဌာနဆိုင်ရာများမှပူးပေါင်း၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)