
ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် ဇရစ်ရိုးသည် လူတို့စိုက်ပျိုးခြင်းမဟုတ်ဘဲ သဘာဝအ လျောက်ထွက်ရှိသည့် အပင်ဖြစ်သည့်အပြင် ရေနှင့်နီးစပ်သည့်နေရာများတွင် ပေါက်ရောက်သည့် အပင်ဖြစ်ပြီး တစ်နှစ်ပတ်လုံးထွက်ရှိသည့်အပင်တစ်မျိုးဖြစ်ပေသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ဖြစ်သည့် ကောလင်း၊ ဝန်းသို၊ ကသာ၊ မိုးညှင်း၊ မိုးကောင်းစသည့်မြို့များမှ ထွက်ရှိပြီး ဇရစ်ရိုးကို ကသာ၊ ကောလင်းများမှ မှာ၍ ဝယ်ယူရကြောင်း၊ ပေါ်ဉီးပေါ်ဖျားဇရစ်ရိုးများကို ယခုအချိန်တွင် ဈေးကောင်းပေး၍ ဝယ်ယူရကြောင်း၊ ဇရစ်ရိုးကို ဆူးပုတ်ရွက်၊ ငရုတ်သီးစိမ်းစသည်တို့ဖြင့် အစပ် ချက်၍သော်လည်းကောင်း၊ ဇရစ်ရိုးကို မန်ကျီးရွက်နုနုလေးဖြင့် စပ်ချဉ်ချက်၍သော်လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဇွန်လ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ရာသီစာ ဇရစ်ရိုးဈေးနှုန်းမှာ (၅)ပင်ပါ (၁)စည်းလျှင် (၁၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
Doca(စစ်ကိုင်း)