
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည် နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူ ရောင်းချလျက်ရှိ ကြောင်း သိရှိရပါ သည်။
ကျွန်းလှမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ကြက်သွန်နီဈေးနှုန်း အနေဖြင့် မိမိတို့ဒေသထွက်နှင့် အောင်ပန်း ကြက်သွန်နီ အကြီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ် အောင်ပန်း ကြက်သွန် နီ အလတ် တစ်ပိဿာလျှင်(၁၈၀၀)ကျပ် ၊ အောင်ပန်း ကြက်သွန်နီ အလတ် တစ်ပိဿာလျှင်(၁၈၀၀) ကျပ်၊ အသေး တစ်ပိဿာလျှင်(၁၅၀၀)ကျပ် နှင့် မြစ်သား ကြက်သွန်နီ အကြီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ မြစ်သား ကြက်သွန်နီ အလတ် တစ်ပိဿာလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ် ဖြစ် လျက်ရှိကြောင်း၊ ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာ လျှင် (၁၄၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ၊ အလတ်စ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် ၊ (၂၅ ) ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် ၊ (၂၅) ကျပ် သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)