Main menu

သစ်ရာမြိုင်ဈေးအတွင်း တည်ငြိမ်နေသော ကန်ဇွန်းဥ ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင် သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကားလျက်ရှိသည့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ လက္ကားဈေး တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ကန်ဇွန်းဥ လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်း များဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)