
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍(၆.၆.၂၀၂၅)နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဇလွန်မြို့၊ ဒိုက်အင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ ၁၀၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့်စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးက စာဖတ်ရှိန်မြှင်တင်ရေး အသိပညာ ပေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နံနက်(၁၁:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)