Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ပန်းသစ်တော် သီးဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဇွန်လ ဒုတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၁)လုံးလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ်တော် သီး(၁)လုံးလျှင် (၃၀၀၀)ကျပ်နှင့် အလုံးသေးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးသည် အရည်ရွှမ်းသော အသီးဖြစ်သည့်အတွက် လူကြိုက်များကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)