
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ သစ်သီးရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ်အသီး တစ်မျိုးဖြစ်သည့် နာနတ်သီးများ စတင်ရောင်းချနေကြောင်း သိရသည်။ နာနတ်သီးသည် ချိုချဉ် အရသာရှိပြီး ကြိုက်နှစ်သက်သူများသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ နာနတ်သီးများကို ထားဝယ်မြို့အတွင်းရှိ ကျေးရွာများမှ မှာယူ၍ ရောင်းချလျက်ရှိကြောင်း၊ နာနတ်သီးအရွယ်အစားပေါ်မူတည်၍ အလုံးကြီးတစ်လုံးလျှင် ၂၀၀၀ကျပ်မှနှင့် အသေး တစ်လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။
DOCA(တနင်္သာရီ)