
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာ သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
ယခုအခါ ထားဝယ်မြို့ပေါ် ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးကြကြောင်း၊ ခရမ်းကြွပ်သီးများကို ကမ်းနာဈေးနှင့်ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ခရမ်းကြွပ်သီး (၁)ဗူးလျှင် (၅၀၀)ကျပ် ရရှိကြောင်း၊ခရမ်းကြွပ်သီးကို ငပိရည်နဲ့ တွဲဖက်၍အတို့ အမြှုပ်အဖြစ် စားသုံးကြ ကြောင်း၊ ထမင်းဆိုင် များမှ နေ့စဉ်ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)