Main menu

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှု အခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

Powered by Drupal

ရွှေဘိုခရိုင်အတွင်းတွင် ဇွန်လ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါ သည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ နောက်ဆုံးပတ် တွင် ရန်ကုန်သို့ (၅၂၀၉၆)အိတ်၊ မန္တလေးသို့ (၃၀၇၈၇) အိတ်၊နေပြည်တော်သို့ (၂၂၈၀)အိတ်၊ပဲခူးတိုင်းသို့ (၁၉၃၃)အိတ်၊ မကွေးတိုင်းသို့ (၇၅၀)အိတ်၊ ရှမ်း(တောင်)သို့ (၂၀၀၆၆)အိတ်၊ ကချင်ပြည်နယ်သို့ (၁၈၇၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၂၀၄၂)အိတ်၊ ကယားပြည်နယ်သို့ (၃၆၀) အိတ်၊ မူဆယ်သို့ (၆၈၀)အိတ်၊ ကရင်ပြည်နယ်သို့ (၁၄၈၅)အိတ်၊ တနင်္သာရီ သို့(၃၂၀)အိတ်၊ ဓနုဖြူသို့ (၁၃၀)အိတ်၊စုစုပေါင်း အိတ်ရေ ၁၂၄၇၉၉ တန် အားဖြင့် ၆၂၄၀ တန် စီးထွက်ခဲ့ပါသည်။

           ဇွန်လ ပထမပတ်တွင် ရန်ကုန်သို့ (၅၄၂၄၃)အိတ်၊ မန္တလေးသို့ (၂၈၂၂၁) အိတ်၊ နေပြည်တော်သို့ (၁၂၄၁)အိတ်၊ပဲခူးတိုင်းသို့ (၂၇၂၀)အိတ်၊ မကွေးတိုင်းသို့ (၃၇၃)အိတ်၊ ရှမ်း(တောင်)သို့ (၁၇၆၉၂)အိတ်၊ ကချင်ပြည်နယ်သို့ (၄၂၂၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၀၆၆၅)အိတ်၊ မူဆယ်သို့ (၄၅၀)အိတ်၊ကရင်ပြည်နယ်သို့ (၂၀၃၀)အိတ် ၊ဧရာဝတီသို့ (၃၆၀)အိတ်၊စုစုပေါင်း အိတ်ရေ ၁၂၂၂၁၅ တန် အားဖြင့် ၆၁၁၁ တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၂၅၈၄၊ တန်အားဖြင့် ၁၂၉ တန် လျော့၍ စီးထွက် ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇွန်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျင် ကျပ် ၄၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၅၀၀၀၀ ၊  ဧရာမင်းစပါး တင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျင် ကျပ် ၁၂၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)