
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီးအတွင်း၌ ဝက်အူချောင်းများရောင်းချလျက်ရှိပါသည်။ လူကြီး၊ လူငယ်မရွေးကြိုက်ကြသော အစားအစာဖြစ်ပြီး လျင်မြန် ချက်ပြုတ်စားသောက်နိုင်သည့်အတွက် အချိန်ကုန်လူသက်သာသော အစားအစာလည်းဖြစ်ပါ သည်။
ဝက်အူချောင်းများမှာ ထားဝယ်မြို့မှ စီးပွားဖြစ်ထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ပုလောဘက်မှကားများဖြင့်သယ်ယူရောင်းချကြပြီး ကားလမ်းအခြေအနေ အခက် အခဲရှိသဖြင့် ဈေးနှုန်းအနည်းငယ်လည်းမြင့်တက်လျက်ရှိပါသည်။ ယခုဇွန်လ ဒုတိယပတ်အတွင်းစည်ပင် သာယာဈေးကြီးအတွင်း၌ ဝက်အူချောင်း တစ်ပိဿာလျှင် (၄၂၀၀၀) ကျပ်ရှိကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)