
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ ဈေးကွက်အတွင်းသို့ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ််ကွက်များနှင့်ဒေသအသီးသီးမှ သံပုရာသီးများ ဝင်ရောက်လျက်ရှိသည့်အတွက် ဈေးကွက်အတွင်းပေါများ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ထားဝယ်မြို့ပေါ်၌ သံပုရာသီးအရွယ်အစားအပေါ်မူတည်၍ တစ်လုံးလျှင်(၂၀၀)မှ(၃၀၀) ကျပ်အထိရှိကြောင်း၊သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အခြားစားသောက်ဖွယ်ရာများတွင်လည်း ထည့်သွင်းအသုံးပြုကြသဖြင့် စားသုံးသူများအတွက်သာမက စိုက်ပျိုးသူများအတွက်ပါ အကျိုးပြုသောအသီးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)