Main menu

ဖျာပုံမြို့နယ်တွင် Sprite အချိုရည်ဘူးများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍  ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ရက်နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် (၁၈) ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော Sprite အချိုရည်ဘူးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော Sprite အချိုရည်ဘူးများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိမှုနှင့် ပက်သက်၍ ပါဝင်ပစ္စည်းအမျိုးအမည်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထားသိုသိမ်းဆည်းပုံ အညွှန်းနှင့် ထားသိုသည့်နေရာများ စစ်ဆေးခြင်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍ ဖော်ပြထားရှိမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)