
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် (၆.၆.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် အထွေထွေအုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ငပုတောမြို့နယ် မြို့မဈေးတွင်းရှိ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ ငပုတောမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေခြင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်မရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူ ပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်သာရောင်းချပေးကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)