
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများသည် ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ (၆.၆.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ် မြို့မဈေးရှိ ကုန်မျိုးစုံအရောင်းဆိုင်နှင့် ဟင်းသီးဟင်းရွက်ဆိုင်များတွင် ဖော်မလင်ပါဝင်မှု၊ ဆိုးဆေးများပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါ သည်။
ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ငပုတောမြို့နယ် မြို့မဈေးရှိ ဒေါ်မြင့်မြင့်သန်း ကုန်စုံဆိုင်နှင့် ဒေါ်ခင်မာအေးကုန်စုံဆိုင်တွင် ရောင်းချနေသော ငရုပ်သီးမှုန့်နှင့် လက်ဖက်များတွင် တာရှည်ခံဆေးများ၊ ဆိုးဆေးများပါဝင်မှု ရှိ/မရှိ၊ ဒေါ်သင်းသင်းမော် ဟင်းသီးဟင်းရွက်ဆိုင်တွင် ရောင်းချနေသော ပဲပြားများအား ဖော်မလင်ပါဝင်မှု ရှိ/မရှိ စစ်ဆေးပြီး ကုန်မျိုးစုံဆိုင်ပိုင်ရှင်များနှင့် ဟင်းသီးဟင်းရွက်ဆိုင်ပိုင်ရှင်များအား တာရှည်ခံဆေးပါဝင်သော ကုန်ပစ္စည်းများ၊ ဆိုးဆေးများပါဝင်သောကုန်ပစ္စည်းများ၊ ဖော်မလင်ပါဝင်သော ကုန်ပစ္စည်းများအား မရောင်းချကြရန် ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)