Main menu

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့တွင်ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ များကိုသက်သာဈေးနှုန်းဖြင့်ရောင်းချ

Powered by Drupal

           ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှစတင်၍ တစ်ပါတ်လျှင် (၆)ရက်၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ အမှတ်(၃)ရက်ကွက်၊ (၂၁)လမ်းထိပ်၊ စားသုံးသူရေးရာဦးစီးဌာန ရုံးရှေ့တွင် ဆန်၊ ဆီ နှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ရောင်းချရာတွင် ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့များပူးပေါင်း၍ ကြက်ဥ (၁၀၀၀)လုံး တစ်လုံး ၃၀၀ ကျပ်၊ ဆန် ၁၀ အိတ် တစ်ပြည် ၂၀၀၀ ကျပ်၊ ဆီ (၁၀၀) ပိဿာ တစ်ပိဿာ ၇၀၀၀ ကျပ်ဖြင့် ပြည်သူတစ်ဦးစီ တန်းစီစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)