
ကော့သောင်းခရိုင်ဆန်ကုန်သည်များအသင်းသည် ကော့သောင်းခရိုင်အတွက် လိုအပ်သည့်ဆန်များကို ရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်(၁၃၅၀)၊ အိတ်ရေ(၂၇၀၀၀) အား MV ဇမ္ဗူအောင် စက်လှေဖြင့် (၉.၆.၂၀၂၅) ရက်နေ့တွင် ကော့သောင်းမြို့သို့ ရောက်ရှိလာကြောင်း သိရှိရပါသည်။
အဆိုပါ ရောက်ရှိလာသော ဆန်အိတ်များကို ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကော့သောင်းကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)