
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒုခရိုင်ဉီးစီးမှူး ဉီးမျိုးအေး၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာနမှ စုံစမ်းရေးမှူး ဉီးအောင်စိုးမိုးတို့ပါဝင်လျက် တိုက်ကြီးမြို့နယ်၊ မြို့မဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးမှ ဈေးတာဝန်ခံပါ ပူးပေါင်းပါဝင်လျက် ရုံ(၁၉)၊ အမှတ်(၈/၉) ရှိ ဉီးကျုံမင်းစားအုန်းဆီအရောင်းဆိုင်တွင် မိမိရရှိသောခွဲတမ်းကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် ပေးပါကြောင်း၊ နေ့စဉ်နံနက်(၇:၀၀)နာရီမှ ညနေ့ (၅:၀၀)နာရီထိ ရပ်ကွက်အပိုင်းအလိုက် ရောင်းချပေးပါကြောင်း၊ ထုတ်ရန်ကျန်သော စာအုပ်များကိုလည်း နောက်တစ်နေ့နံနက်တွင် ပြန်လည်ထုတ်ပေးပါကြောင်း၊ ရောင်းချမှုလက်ခံပြေစာများလည်း ထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)