
(၆.၆.၂၀၂၅) ရက်နေ့ နံနက်(၁၀:၅၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ခရိုင်ဉီးစီးမှူး ဉီးအောင်တင်စိုးနှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာနမှ စုံစမ်းရေးမှူးတို့လိုက်ပါ၍ ရွှေပြည်သာမြို့နယ်ရှိ ဒေါ်ခင်မြရီစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးမှ ဈေးတာဝန်ခံပါ ပူးပေါင်း ဆောင်ရွက်လျက် ဈေးအတွင်းရှိ ရုံ (C) ၊ အမှတ်(၆)ရှိ ဒေါ်ခင်မြရီဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေး အပေါ် (၂%)အမြတ်တင်၍ ရောင်းပါကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် (၁)ပတ်ကို (၅၀)ကျပ်သား နှုန်းဖြင့် တစ်လ(၂)ပိဿာရရှိကြပြီး၊ ရောင်းချချိန်ကိုလည်း နံနက်(၈:၀၀)နာရီမှ ညနေ(၆)နာရီအထိ ရောင်းချပေးပါကြောင်း၊ နေ့စဉ်အရောင်းစာရင်းကိုလည်း ရေးသွင်းထားခြင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း တိုင်ကြားချက်များမရှိအောင် ဂရုတစိုက်ရောင်းချပေးစေလိုကြောင်း၊ သတ်မှတ်ချက်များအား လိုက်နာမှုမရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)