Main menu

ကန့်ဘလူမြို့၌ ရောင်းချလျက်ရှိသော ပန်းသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် သစ်သီး မျိုးစုံရောင်းချလျက်ရှိရာ ပန်းသီးများလည်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ပန်းသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာ ပေးသည့်အတွက် စားသုံးသူများ အဝယ်များသည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံး ကြီး(၁)လုံးလျှင် (၃၅၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)