Main menu

ADB နှင့်ထိုင်းနိုင်ငံသည် အခြေခံအဆောက်အအုံမြှင့်တင်ရန်အတွက် အမေရိကန်‌‌ဒေါ်လာ ၆၈.၇၄ သန်း ချေးငွေအား လက်မှတ်ရေးထိုးခဲ့ကြ

Powered by Drupal

     အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ထိုင်းနိုင်ငံတို့သည် ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ U-Tapao လေဆိပ်သို့ ချိတ်ဆက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးရန်အတွက် ဇွန်လ ၆ ရက်နေ့က ချေးငွေ အမေရိကန်ဒေါ်လာ ၆၈.၇၄ သန်းအား လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါစီမံကိန်းသည် ၁.၉၂ ကီလိုမီတာအကွာ အဝေးပြေးကားလမ်းအမှတ် ၇ ကို တိုးချဲ့‌ဖောက်လုပ်ကာ အနောက်ဘက်ဘန်ဖိုင်မြစ်မှ အမျိုးသားအဝေးပြေးလမ်းမကြီးအမှတ် ၃ ၏ ၅.၆၅ ကီလိုမီတာ အပိုင်းအား အရှေ့ဘက်ရှိ ကားလမ်းအမှတ် ၇ လမ်းလွှဲအထိ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း ADB ၏ ပြောကြားချက်အရ သိရသည်။ ပြီးပြည့်စုံသောလမ်းဖောက်လုပ်ခြင်းသည် ရေရှည်တည်တံ့သော မြေယာသယ်ယူပို့ဆောင်ရေးကွန်ရက်ကို ပံ့ပိုးပေးမည်ဖြစ်ပြီး စမတ်အီလက်ထရွန်းနစ်၊ စိုက်ပျိုးရေးနှင့် ဇီဝနည်းပညာ၊ ကျန်မာရေးစောင့်ရှောက်မှုနှင့် ဒစ်ဂျစ်တယ်ဝန် ဆောင်မှုများကဲ့သို့စက်မှုလုပ်ငန်းများတည်ရှိရာ နေရာများနှင့် ချိတ်ဆက်သွားလာမှုကို ပိုမိုမြင့် တင်ပေးနိုင်မည်ဖြစ်သည်။ ၁၉၆၈ မှ ၂၀၂၄ ခုနှစ်အထိ ADB သည် ထိုင်းနိုင်ငံ၏ အများပိုင်ကဏ္ဍအသီးသီးတွင် ချေးငွေ‌ထောက်ပံ့ကြေးနှင့် နည်းပညာအကူအညီများမှတဆင့် အမေရိကန်‌ဒေါ်လာ ၇.၄ ဘီလီယံချေးငွေ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

Source : Xinhua                                                                                

 DOCA(ရန်ကုန်)