
FAO စားနပ်ရိက္ခာအညွှန်းကိန်း စုစုပေါင်းသည် မေလတွင် ၀.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဟင်းသီးဟင်းရွက်ဆီနှင့် သကြားများအတွက် ကမ္ဘာ့စျေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့ ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဇွန်လ ၆ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ သည်။ FAO အညွှန်းကိန်းတွင် အစေ့အဆန်များနှင့် စီရီရယ်ဈေးနှုန်းများသည် မေလတွင် ၁.၈ ရာခိုင်နှုန်း ကျဆင်းသွားကာ အာဂျင်တီးနားနှင့်ဘရာဇီးနိုင်ငံတို့တွင် ပြောင်းဖူး ရိတ်သိမ်းမှု ကောင်းမွန်မှုများအပြင် ကမ္ဘာလုံးဆိုင်ရာဂျုံဝယ်လိုအားလည်း နည်းပါးလာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ မေလတွင် အသားနှင့် နို့ထွက်ပစ္စည်း ဈေးနှုန်းများ မြင့်မား ခဲ့သည်။ FAO မှ ပြောကြားရာတွင် ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် အသားဈေးနှုန်းများသည် အမဲသား၊ ဝက်သားနှင့် သိုးသားများအတွက် ၀ယ်လိုအား မြင့်မားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတွင် ခွာနာလျှာနာရောဂါကြောင့် ကန့်သတ်ချုပ်ချယ်မှုများပြုလုပ်ထားသည့် ဂျာမန်ထုတ်လုပ်သူများ စျေးကွက်သို့ ပြန်လည်ရောက်ရှိ လာခြင်းကြောင့် ဝက်သားစျေးနှုန်းများ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းတွင်၊ ကြက်ငှက် တုပ်ကွေးနှင့်ပတ်သက်၍ အချို့သော ဈေးကွက်များတွင် စိုးရိမ်မှုများကြောင့် ကြက်ဈေးနှုန်းများ ကျဆင်းခဲ့သည်။ နို့ထွက်ပစ္စည်း စျေးနှုန်းများ ၀.၈ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး အာရှမှ ဝယ်လိုအားပြင်းထန်သော နိုင်ငံတကာ ထောပတ်ဈေးနှုန်းသည် သမိုင်းဝင်မြင့်မားနေခဲ့ကာ ဒိန်ခဲနှင့်နို့မှုန့်များ၏ ဈေးနှုန်းများပိုမိုမြင့်မားလာစေရန် တွန်းအားပေးလျှက်ရှိသည်။ အညွှန်းကိန်းတွင် ကြီးမားသော ပြောင်းလဲမှုမှာ ဟင်းသီးဟင်းရွက်ဆီစျေးနှုန်းနှင့် သကြားစျေးနှုန်းပင်ဖြစ်သည်။ FAO မှ ဟင်းသီးဟင်းရွက် ဆီဈေးသည် အရင်နှစ်ကထက် ၃.၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ထန်းလျက်၊ မုန်ညှင်းစေ့၊ ပဲပိစပ်နှင့် နေကြာဆီများ အားလုံး သည် ခိုင်မာသောထုတ်လုပ်မှုနှင့် အမေရိကန်တွင် ဝယ်လိုအားနည်းပါးခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်းပြောကြားခဲ့သည်။ အဖျော်ယမကာနှင့် စားသောက်ကုန်ပြုပြင်ရေး လုပ်ငန်းများမှ ဝယ်လိုအား ကျဆင်းသွားသောကြောင့် သကြားဈေးသည် ၂.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)