
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ် မှ မှာယူရောင်းချကြပါသည်။ ဂေါ်ဖီ ထုပ် ဈေးနှုန်းမှာ မေလအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၁၈၀၀) ကျပ်၊ အသေး (၁၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါ ဇွန်လတွင် ဂေါ်ဖီတစ်ထုပ်လျှင် အကြီး( ၂၀၀၀ ) ကျပ် ၊ အသေး ( ၁၅၀၀ ) ကျပ် ဈေးရှိခဲ့ပြီး မေလနှင့် ဇွန်လ ဈေးနှုန်းနှိုင်းယှဉ်လျှင် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း ကန်သာယာဈေးရှိ ရောင်းချသူများ ထံမှသိရပါသည်။
DOCA(စစ်ကိုင်း)