Main menu

၂၀၂၅ခုနှစ် ဇွန်လ ပထမပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၅၅၀-၁၅၆၀)ကျပ်ဖြင့် ဈေးကွက်အဝင်နည်းပြီး ဝယ်လိုအားကောင်းနေသဖြင့် ဈေးတက်လာ ပြီး စီးဆင်းမှုမှာ နည်းနေပါသည်။

    ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင်  ထူး ၁-၅၀၀၀ကျပ်၊ ထူး ၂-၆၀၀၀ကျပ်၊ ထူး ၃-၇၀၀၀ ကျပ်၊ ထူး ၄-၇၅၀၀ကျပ်၊ ထူး ၅-၈၀၀၀ကျပ်၊ ထူးလွန်-၈၈၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၅၀၀၀ကျပ် ဈေးရှိနေပြီး အဆွဲကောင်းသော်လည်း ဈေးငြိမ်လျက်ရှိပြီး စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်ဖြစ်နေပါသည်။

     ချင်းသီးနှံမှာ တစ်ပိဿာလျှင် မြေနီအခက်ကြီးမှာ (၃၅၀၀)ကျပ် နှင့် အခက်အလတ်မှာ (၂၈၀၀-၃၀၀၀)ကျပ်ဖြင့် ပြည်ပအဆွဲမရှိသောကြောင့် ဈေးတည်ငြိမ်ပြီး စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

    အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကစ် S2-S1-၅၅၀၀ကျပ်၊ မျက်နီ-၅၀၀၀ကျပ်၊ OK-၄၅၀၀ ကျပ်၊ A1-၃၅၀၀ကျပ်၊ ဆွဲသီး-၃၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်တက်လာပြီး ဈေးကွက်ဝယ်လိုအားကောင်းသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။

    ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၅၀၀-၁၀၀၀)ကျပ်၊ ပန်းမုံလာ (၁၂၀၀-၁၅၀၀)ကျပ်၊ ရွှေပဲ (၁၂၀၀၀-၁၄၀၀၀)ကျပ်၊ မုန်ညှင်း (၁၀၀၀-၁၃၀၀)ကျပ်၊ ဖရုံသီး (၁၃၀၀-၁၅၀၀)ကျပ်၊ ခရမ်းသီး (၈၀၀- ၁၃၀၀)ကျပ်၊ ခရမ်းချဉ်သီး (၂၀၀၀-၂၆၀၀)ကျပ်၊ ငရုတ်ပွ (၁၄၀၀-၁၈၀၀)ကျပ်၊ မုန်လာဥနီ (၁၈၀၀-၂၀၀၀)ကျပ်၊ ဘိုစား (၂၅၀၀-၃၀၀၀)ကျပ်ဖြင့် ဈေးရှိနေကြပြီး ရွှေပဲ၊ ခရမ်းချဉ်သီးနှင့် ဘိုစားသီးနှံတို့ မှာ ဈေးကွက်အဝင်နည်း၍ ဈေးတက်လာပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့် စီးဆင်းမှုမှာ လျော့နည်းနေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)