Main menu

မအူပင်မြို့နယ်တွင် စိုက်ပျိုးသော ငရုတ်သီးစိမ်း ဈေးကောင်းရ

Powered by Drupal

   မအူပင်မြို့နယ်တွင်၊ ဟင်းသီးဟင်းရွက်သီးနှံ အမျိုးမျိုးကို ရာသီမရွေး စိုက်ပျိုးကြောင်း သိရသည်။ မအူပင်မြို့နယ်သည် ဟင်းသီးဟင်းရွက်စိုက်ပျိုး၍ ပေါများသော မြို့နယ်ဖြစ်ပြီး စိုက်ပျိုးသူများ ဝင်ငွေရသလို ဟင်းသီးဟင်းရွက် ရောင်းချသူများလည်း  ဝင်ငွေရရှိကြောင်း သိရသည်။ မအူပင်မြို့နယ်တွင် စိုက်ပျိုးနေသော ငရုတ်သီးအမျိုးမျိုးရှိသည်၊၊ ပြည်ပဈေးကွက်ဝင် ငရုပ်စိမ်းမှည့်၊ ရိုးရိုးငရုတ်သီးစိမ်း၊ မိုးထောင်ငရုတ်၊ အောက်ဆွဲငရုတ်ဟူ၍ စိုက်ပျိုးကြသည်။ ယခုစိုက်ပျိုးသော ငရုတ်မှာ မြို့နယ်အတွင်းပြည်သူများနှင့် စားသောက်ဆိုင်များသို့ ရောင်းချရသော ငရုတ်စိမ်းမျိူးဖြစ်သည်။

   မအူပင်မြို့နယ် တလုတ်လပ်ကျေးရွာတွင် ငရုတ်စိမ်း ၀.၅၀ဧကစိုက်ခင်းတွင် ငရုတ်မျိုး ကျားခေါင်းတံဆိပ် ကို စိုက်ပြီး ဈေးနှုန်း ၁ထုတ် ၁၈၅၀၀ကျပ်ဖြင့် ၁ဧကတွင် မျိုးထုတ် ၅ထုတ်စိုက်ပျိုးသည်။ ငရုတ်မျိုးကို ၁လ ပျိုးထောင်ပြီး ၂လပိုင်းက ပျိုးထောင်ပြီး ၃လပိုင်း မှ စတင်မြေချ စိုက်ပျိုးကြောင်း၊၂၀၂၅ခုနှစ် ဇွန်လတွင် စတင်ခူးရပြီး စိုက်ဧက၏ ပိဿာချိန်  ၂၅၀ ခန့် ထွက်ရှိနိုင်ကြောင်း၊ ယခင်နှစ်က ပိဿာ ၂၀၀ ထိ ထွက်ရှိခဲ့ကြောင်း၊ စိုက်ပျိုးမှု  မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ၊ ရေတင်ခ၊  အပါအဝင်ကုန်ကျစရိတ် ငွေကျပ် ၂၅၀၀၀၀ ကျပ်ခန့် ကုန်ကျစရိတ်ရှိ သည်။   ငရုတ်သီးစိမ်း ဈေးနှုန်းအနေဖြင့် လက်ကားဈေး ၁ပိဿာ ၃၀၀၀ကျပ် ဈေးဖြင့်ရောင်းချနေပြီး ငွေကျပ် ၅၀၀၀၀၀ အကျိုးအမြတ်ရရှိကြောင်း စိုက်ပျိုးရောင်းချသူ ဒေါ်လှပို ထံမှ သိရသည်။

   ဈေးကွက်တင်ပို့မှု အနေဖြင့် မြို့နယ်အတွင်းနှင့် စားသောက်ဆိုင်များသို့ အဓိက ထား ရောင်းချရသော ငရုတ်ဖြစ်သည်။  ငရုတ်သီးနှံအမျိုးမျိုးကို စိုက်ပျိုးသော ကာလမှာ စက်တင်ဘာလတွင် တောင်သူများက စတင်စိုက်ပျိုး ကြ ကြောင်း သိရသည်။ ၂၀၂၅ခုနှစ် ဇွန်လ ယနေ့မိုးကာလတွင် ငရုတ်များ စိုက်ပျိုးမှု မရှိပဲ ငရုတ်ရှားသောကာလဖြစ်၍ ဈေးကောင်းနေပြီး ဈေးပိုရ၍ အကျိုးအမြတ်ပိုမိုရရှိကြောင်း  သိရသည်။

DOCA(ဧရာဝတီ)