
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင် သီးနှံ များကို စိုက်ပျိုးလျက်ရှိပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်လျက် ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်ရွက် (၁)စည်းလျှင်(၁၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၉၀၀)ကျပ်၊ ကန်ဇွန်းရွက် ဈေးနှုန်းအနေဖြင့် ကန်ဇွန်းရွက်(၁)စည်းလျှင်(၁၀၀)ကျပ်၊ ဗုံလုံသီး ဈေးနှုန်းအနေဖြင့် ဗုံလုံသီးအကြီး၊ အသေး(၁)တောင့်လျှင်(၅၀၀/၇၀၀/၈၀၀)ကျပ် ပိတ်ချင်း ရွက်ပြုတ် ဈေးနှုန်းအနေဖြင့် ပိချင်းရွက်ပြုတ်(၁)ပိဿာလျှင်(၄၅၀၀)ကျပ်နှင့် ပိတ်ချင်းရွက်ပြုတ် (၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ်၊ သခွားသီး ဈေးနှုန်းအနေဖြင့် သခွားသီး အကြီး/ အသေး (၁)လုံးလျှင် (၂၀၀/၅၀၀/၇၀၀)ကျပ်၊ ရုံးပတီသီး ဈေးနှုန်းအနေဖြင့် ရုံးပတီသီး လက္ကား (၁)ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် ရုံးပတီသီး လက်လီ (၁)ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ရုံးပတီသီး(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။
Doca(စစ်ကိုင်း)