
၂၀၂၅ ခုနှစ် ၊ ဇွန်လ (၉) ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင် များတွင် တရားမဝင် Sprite အချိုရည်များအား စစ်ဆေးခဲ့ပါသည်။
အဆိုပါ စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်းမရှိဘဲ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော Sprite အချိုရည်များ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ တရားမဝင် Sprite အချိုရည် များရောင်းချမှုများမရှိကြောင်းနှင့် လုပ်ငန်းရှင်များအားလည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(တနင်္သာရီ)