Main menu

ကန့်ဘလူမြို့၏ ရာသီပေါ်ကင်ပွန်းချဉ်ရွက်

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာ ကွက်ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရ သည်။  

ကင်ပွန်းချဉ်ရွက်ကို စားကြပေမယ့် အသီးနှင့်အခေါက်ကိုတော့ သဘာဝခေါင်းလျှော်ရည် အဖြစ်ပြုလုပ်၍ အသုံးပြုကြကြောင်း၊ ကင်ပွန်းချဉ်ရွက်သည် ချဉ်တဲ့အရသာရှိပြီး ခံတွင်းရှင်းစေတဲ့ ဟင်းလျာတစ်မျိုးဖြစ်သည့်အတွက် ကင်ပွန်းချဉ်ရွက်များကို အချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ ငါး၊ ပုစွန်ဆိတ်ကလေးတို့နှင့် ရောချက်၍လည်းကောင်း ဟင်းချက်ရာတွင် ထည့်သွင်းချက်ပြုတ် စားသုံးကြသည်။ ကင်ပွန်းချဉ်ရွက်သည် စားလို့ကောင်းရုံတင်မဟုတ်ဘဲ ကျန်မာရေးကိုလည်း အထောက်အကူပြုပေးနိုင်ကြောင်း၊ ကင်ပွန်းချဉ်ရွက်ကို စားသုံးခြင်းဖြင့် သွေးတိုးကျစေနိုင်ခြင်း၊ အနာကျက်စေနိုင်ခြင်း၊ ဆီးချိုကျစေနိုင်ခြင်း ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင် ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ရရှိစေပါသည်။

ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ကင်ပွန်း ချဉ်ရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက် ရှိကြောင်း ကင်ပွန်းချဉ်ရွက်များကို အစည်းလေးများစည်း၍ရောင်းချရာ (၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ (၇)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Doca(စစ်ကိုင်း)