Main menu

Eon Saw Mon Co.,Ltd ၏ သစ်နှင့်သစ်အချော စက်ရုံသို့ မြေပြင်ကွင်းဆင်းခြင်း

Powered by Drupal

  ၆.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ သည် သံဖြူဇရပ်မြို့နယ်ရှိ Eon Saw Mon Co.,Ltd ၏ သစ်နှင့်သစ်အချောစက်ရုံသို့ စက်ရုံလည်ပတ်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

  ထိုသို့ ဆောင်ရွက်ရာတွင် စက်ရုံတည်ဆောက်မှု၊ လည်ပတ်မှု၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေများအား ဆွေးနွေးမေးမြန်းရာ သစ်နှင့်သစ်အချောစက်ရုံမှာ ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်၍လည်ပတ်ခဲ့ကြောင်း၊ ဝန်ထမ်းအင်အား (၃၅၅) ဦးဖြင့် တစ်နေ့လျှင် (၁၀)  နာရီ (၂) ဆိုင်းဖြင့် နာရီ (၂၀) လည်ပတ်ကြောင်း၊ ကုန်ကြမ်းဖြစ်သည့် ရော်ဘာပင်အိုဟောင်း များကို သံဖြူဇရပ်မြို့နယ်၊ ရေး၊ ထားဝယ်မြို့နယ်တို့မှ တစ်တန်လျှင် ခရီးအကွာအဝေး၊ သစ်လုံးအရွယ်အစားပေါ်မူတည်၍ ပျမ်းမျှ (၄) သိန်းဝန်းကျင်ဖြင့် ဝယ်ယူ ရရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် ရာသီဥတု အခြေအနေ၊ ကုန်ကြမ်းရရှိမှု အပေါ်မူတည်၍ တစ်လလျှင် ပျမ်းမျှကုန်ချောထုတ်လုပ်မှုမှာ သစ်ပါးလွှာ (၇၀၀၀)တန်၊ သစ်ခွဲသားတန်  (၆၀၀) ထုတ် လုပ်လျက်ရှိကြောင်း၊ စက်ရုံမှ ထုတ်လုပ်သည့် ရာဘာ သစ်ပါးလွှာနှင့်ရာဘာသစ်ခွဲသားကို တရုတ်နိုင်ငံကိုသာ တင်ပို့ရောင်းချကြောင်း၊ ဈေးနှုန်းအနေဖြင့် သစ်ပါးလွှာ 1 CBM (Cubic Meter) လျှင် ဒေါ်လာ ၁၂၀ နှင့် သစ်ခွဲသား 1 CBM (Cubic Meter)လျှင် ၁၆၀ ဒေါ်လာရရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)