Main menu

စားဖိုဆောင်အုပ်စုဝင်ဂေါ်ဖီထုပ်ဈေးကွက်

Powered by Drupal

    မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်များကို အဓိကအားဖြင့် ဆောင်းရာသီ၌ စိုက်ပျိုးလေ့ရှိကြောင်း၊ အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်များတွင် အဓိကစိုက်ပျိုးကြောင်း၊ အပူပိုင်းဒေသ များဖြစ်သော မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် ဆောင်းရာသီ၌စိုက်ပျိုးကြကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်ဈေးကွက်တွင် ရောင်းချနေသော ဂေါ်ဖီထုပ်များကို  ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့ကုန်စိမ်းဈေးမှ တင်သွင်းရောင်းချကြကြောင်း၊ ယခုလ ဇွန်လပထမပတ်တွင်  ဂေါ်ဖီထုပ်တစ်ထုပ်လျှင်  ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် ဖြင့် အရောင်းဝယ် ဖြစ်လျက်ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုဇွန်လပထမပတ်တွင် ဂေါ်ဖီထုပ် ဈေးများမှာ ပြောင်းလဲမှုမရှိကြောင်း၊ ၎င်းသည် အာဟာရဓာတ်ကြွယ်ဝသော စားဖိုဆောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရှိရသည်။

DOCA(မန္တလေး)