Main menu

မိတ္ထီလာ ဆန်ဈေးကွက်

Powered by Drupal

    ဇွန်လပထမပတ် မိတ္ထီလာဆန်ဈေးကွက်ရှိ ဆန်ဈေးနှုန်းများဈေးငြိမ်နေကြောင်း ဈေးကွက်မှသိရသည်။ မိတ္ထီလာဈေးကွက်သို့ မနောသုခမှာ ဒေသထွက်ဆန်များအနေဖြင့် မိတ္ထီလာ ၊ ဝမ်းတွင်းမြို့နယ်များမှ လည်းကောင်း၊ ဧရာပဒေသာဆန်မှာ ဒေသထွက်များအပြင် ကျောက်ဆည်၊ မြစ်သား၊ ဧရာဝတီတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှလည်းကောင်း၊ ပေါ်ဆန်းမှာ ရွှေဘို၊ ရန်ကုန်၊ ဖျာပုံ၊ မြောင်းမြတို့မှလည်းကောင်း ဝင်ရောက်ကြောင်းသိရသည်။

    မိတ္ထီလာဈေးကွက်ဇွန်လပထမပတ်ရှိ ဆန်ဈေးနှုန်းများမှာ(၂၄)ပြည်တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း (အလတ်စ) မှာ (၁၃၅၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း ပထမတန်းစားမှာ (၁၅၀၀၀၀) ကျပ်မှ (၁၆၀၀၀၀) ကျပ်၊ ဧရာပေါ်ဆန်းမှာ (၁၃၀၀၀၀)ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ (၁၂၀၀၀၀) ကျပ်၊ ဒေသထွက်ပေါ်ဆန်းမှာ (၁၂၀၀၀၀) ကျပ်၊ အရပ်ပဒေသာတစ်အိတ် (၁၁၀၀၀၀မှ ၁၅၀၀၀၀) ကျပ်၊ မကွေးပဒေသာမှာ (၁၃၅၀၀၀) ကျပ်၊ ကျောက် ဆည်ပဒေသာမှာ (၁၂၀၀၀၀) ကျပ်၊ ဗျော့သုခမှာ (၈၀၀၀၀) ကျပ်၊ ဖန်သီးသုခမှာ (၈၅၀၀၀) ကျပ်၊ အရပ်သုခ မှာ (၇၅၀၀၀) ကျပ်၊ ဆင်းသုခမှာ (၇၇၀၀၀) ကျပ်၊ ငစိန်မှာ (၆၅၀၀၀) ကျပ်၊ ရက်(၉၀)မှာ (၆၅၀၀၀) ကျပ်တို့ ရှိပြီး ဆန်ဈေးနှုန်းတည်ငြိမ်နေကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)