Main menu

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများ

Powered by Drupal

ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့ မှမှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေး နှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၁၀၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(လုံး)(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၂၅၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ လသာခြောက်(အချို) (၁)ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိဿာ လျှင်(၃၈၀၀၀)ကျပ်၊ အာပြဲခြောက်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အသားမျှင်ခြောက်(၁)ပိဿာ လျှင်(၄၇၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုအခါအလှူအတန်းများပြုလုပ်ရာတွင် ရေထွက်ကုန် ပစ္စည်းများကို အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊မြို့မဈေးအ တွင်းငါးခြောက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရသည်။

Doca(စစ်ကိုင်း)