Main menu

သထုံမြို့နယ်၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprit အမှတ်တံဆိပ် အချိုရည်ဗူးများရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ထိုင်းဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားဖော်ပြထား သည့် Spirt အမှတ်တံဆိပ် အချိုရည်ဗူးများရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို (၅.၆.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က စားသုံးသူရေးရာ ဦးစီးဌာနှင့်မိတ်ဖက်ဌာနများပူးပေါင်း၍ သထုံမြို့မစျေး၌ ဆောင်ရွက်ခဲ့သည်။        

  အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို သထုံမြို့နယ်၊ စားသုံးသူ‌ရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprit       အမှတ်တံဆိပ် ချိုရည်ဗူး များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ Sprit အချိုရည်ဗူးများ ရောင်းချ ခြင်း မတွေ့ရှိဘဲ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော Sprit အချိုရည်ဗူးများသာ ရောင်းချနေကြောင်း သိရပါသည်။

DOCA (မွန်)