Main menu

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဇီးပြား

Powered by Drupal

ကျွန်းလှမြို့၌  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ဇီးပြားများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး နှင့် ပိတောက်မြိုင်ဈေး များရှိ  ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ဇီးပြား ဈေးနှုန်းအနေဖြင့် ဇီးပြား လက်က္ကား ဈေး တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ဇီးပြား လက်လီဈေး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဇီးပြား(၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ်နှင့် ဇီးပြား(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)