Main menu

ကျောက်ပန်းတောင်းမြို့ ဆောင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားဖိုဆောင် သီးနှံဖြစ်သည့် ကြက်သွန်နီသီးနှံကို မိုးကြက်သွန်နီ၊ ဆောင်းကြက်သွန်နီဟု (၂)ကြိမ်စိုက်ပျိုးကြရာ မိုးကြက်သွန်နီကို စက်တင်ဘာလတွင် စတင်စိုက်ပျိုး၍ ဒီဇင်ဘာလတွင် ရိတ်သိမ်းကြပြီး တစ်မြို့ နယ်လုံးအနေဖြင့် မိုးကြက်သွန်နီကို (၁၅၄)ဧက စိုက်ပျိုးခဲ့ပြီး၊ စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့ရာ တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်း(၂၅၅၀)ပိဿာဖြင့် အထွက်စုစုပေါင်း(၃၉၂၇၀၀) ပိဿာ ထွက်ရှိကြောင်း သိရှိရသည်။ ဆောင်းကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် ဇန်နဝါရီလတွင် စတင်စိုက်ပျိုး၍ ဧပြီလတွင်ရိတ်သိမ်းကြောင်းနှင့် တစ်မြို့နယ်လုံးလျာထားဧက(၇၁၀) လျာထားခဲ့သော်လည်း အမှန် စိုက်ပျိုးနိုင်မှုမှာ(၆၈၁)ဧက သာစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့်(၂၇၅၀)ပိဿာဖြင့် အထွက်စုစုပေါင်း(၁၈၇၂၇၅၀)ပိဿာထွက်ရှိခဲ့ ကြောင်းသိရသည်။ ဆောင်းကြက်သွန်နီကို ရေဆုံးကျေးရွာ၊ စိတ္တိန်ကျေးရွာ၊ ပွေးကျစ်ကျေးရွာ၊ ကိုင်းကျေးရွာ၊ ကြက်မောက်တောင်နှင့် လဲဂွကျေးရွာများမှ အများဆုံးစိုက်ပျိုးကြပြီး၊ အဆိုပါကျေး ရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့လည်းကောင်း၊ မြို့နယ်စည်ပင်သာယာဈေးတွင် ကျေးရွာရှိကြက် သွန်စိုက်တောင်သူများမှ  ကိုယ်တိုင်လာရောက်ရောင်းချခြင်းဖြင့်လည်းကောင်း အရောင်းအဝယ် ပြုလုပ်ကြပြီး ကြက်သွန်နီအကြီးတစ်ပိဿာလျှင်(၁၇၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၁၂၀၀)ကျပ်များဖြင့် မြို့နယ်စည်ပင်သာယာဈေးတွင် လှိုင်လှိုင်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)