Main menu

ကွမ်းသီးပင်

Powered by Drupal

        ကွမ်းသီးပင်ကို အရှေ့တိုင်းနိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်းများနှင့် ပူ၍စိုထိုင်းသော ဒေသများတွင် စိုက်ပျိုးသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး၍ဖြစ်ထွန်းသောဒေသများမှာ တောင်ငူ၊ ကျိုက္ကမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့် စစ်တွေခရိုင်များဖြစ်ကြသည်။ ကွမ်းသီးပင်သည် ပင်လယ်မိုင်၂၀၀ခန့်အတွင်း အမြင့်ပေ၃၀၀၀အောက်ရှိသောအရပ်ဒေသတို့တွင် ရေဖောဖောသီသီရရှိ၍ ရေမ ဝပ်လျှင် အထူးဖြစ်ထွန်းသည်။ နုံးမြေသည်ကွမ်းသီးပင်စိုက်ပျိုးရန်အထူးသင့်လျော်ပြီး တောင်ငူခရိုင်တွင် ကွမ်းသီးပင်များကို သီးသန့်စိုက်ပျိုးကြသည်။ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ပင်လယ်ကမ်းမြောင်ဒေသ များတွင် ကွမ်းသီးပင်ကို အခြားသီးစားပင်များဖြစ်ကြသော သရက်၊ ပိန္နဲပင်၊ မရမ်းပင်၊ အုန်းပင်စသည်တို့နှင့် ရော၍စိုက်ပျိုးလေ့ရှိကြသည်။ ကွမ်းသီးပင်စိုက်ပျိုးရာတွင် အရေးကြီးဆုံးအချက်မှာ မိုးအခါတွင်ရေမဝပ်စေ ရန်နှင့် နွေအခါတွင်ရေလုံလုံလောက်လောက်ပေးနိုင်ရန်တို့ဖြစ်သည်။ ပျိုးထောင်ရန်ပျိုးခင်းများကို နွေရာသီမှ စတင်၍ပြုပြင်ပေးရသည်။  ကွမ်းသီးပင်ချည်းစိုက်ပျိုးထားပါက ကျင်းများသည်တစ်ခုနှင့်တစ်ခု (၆) ပေ ထက်မနည်းကွာဝေးစေရသည်။ အကောင်းဆုံးအကွာအဝေးမှာ(၈)ပေဖြစ်သည်။ အခြားအသီးစားအပင် များနှင့်ရောစိုက်လျှင် သင့်လျော်သလိုကြည့်၍ အကွာအဝေးကိုပြုပြင်ရသည်။ ကွမ်းသီးပင်များသည် အများ အားဖြင့် အသက်(၇)နှစ်မှ(၁၀)နှစ်သို့ကျရောက်မှအသီးသီးကြသည်။ သို့သော် မြေဩဇာကောင်းသည့် ကျွန်းများ၊ ဉယျာဉ်များတွင်(၅)နှစ်မှ(၆)နှစ်ကြာလျှင် ကောင်းစွာသီးကြပြီး အခြားအပင်များနှင့်ရောစိုက်သော ဉယျာဉ် များနှင့်ကုန်းမြင့်ခြံများ၌(၁၅)နှစ်လောက်ကြာမှအသီးသီးကြသည်။ ကွမ်းသီးပင်များသည် တပို့တွဲ၊ တပေါင်းလများတွင်စတင်ပွင့်ကြပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်း၊နတ်တော်လများတွင် အသီးများရင့် မှည့်၍ ဆွတ်သိမ်းရန်အချိန်ကြရောက်သည်။ ကွမ်းသီးပင်များကို (၃)ကြိမ်(၃)ခါဆွတ်ခူးရသည့်အနက် ပထမဆုံးအကြိမ်မှာ အများဆုံးရလေ့ရှိပြီး အမှည့်လွန်ပါက အခွံခွာရန်မလွယ်ကူသဖြင့် မမှည့်တမှည့်အရွယ် လောက်တွင် ဆွတ်ခူးရန်အကောင်းဆုံးဖြစ်သည်။ သီးစအပင်များသည်တစ်ပင်လျှင်အသီး(၃၀)ခန့်သာ သီးပြီးအပင်ကြီးလျှင်အသီး(၂၅၀)အထိသီးတတ်သည်။  ကွမ်းသီးပင်သည် အသက်၂၀၊ ၂၅နှစ်အကြာတွင် အများဆုံးသီးပြီး နောက်ပိုင်းတွင်အသီးဆုတ်သွားပြီး အနှစ်(၄၀)၊ (၅၀)လောက်တွင်သေတတ်ကြသည်။  ထို့အပြင် ပြည်သူများကွမ်းသီးပင်များကိုလွယ်တကူဝယ်ယူစိုက်ပျိုးနိုင်ကြစေရန်ရည်ရွယ်၍ ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ စစ်တွေ၊ တောင်ငူ၊ ကျောက်ဖြူ၊ မတ္တရာစသောမြို့များတွင် စိုက်ပျိုးရေးဌာနများမှ ဖွင့်လှစ်၍ ကွမ်းသီးပင်များကိုရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)