
ကျွန်းလှမြို့နယ်အတွင်းတွင် မိမိတို့ မိသားစု စားဝတ်နေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံများကို ရာသီ အလိုက်စိုက်ပျိုးပြီး မိမိတို့မိသားစု စားသုံးပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချသည့်အတွက် ယခင်ကဈေးနှုန်း ချိုသာခဲ့ သော်လည်း ယခုအခါတွင် မိမိတို့ ကျွန်းလှမြို့နယ် သံဘို ကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမအပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀) ကျပ်သား လျှင်(၂၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိသော ကြောင့် သိရှိရပါသည်။
Doca(စစ်ကိုင်း)