Main menu

ကန့်ဘလူမြို့နယ်တွင် သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ကောင်းသားKBU” သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          ရေသည် လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေသည့်    အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူ များအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဘူးခွံများကိုစတင်ဆေးကျောသည်မှ ပါကင်ပိတ်ပြီး သည်အထိ သန့်ရှင်းသတ်ရပ်မှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားကြောင်းတွေ့ရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

Doca(စစ်ကိုင်း)