Main menu

ကန့်ဘလူမြို့နယ်တွင် အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၀၈:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကန့်ဘလူ မြို့၊ မြို့မဈေးရှိ  ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသည့် အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်အမှတ် အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး တရားမဝင်တင်သွင်းလာသောကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည် များကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

Doca(စစ်ကိုင်း)