
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူပြီး ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ ဇွန်လ ပထမအပတ် မွေးမြူရေးကြက်သားဈေးနှုန်း လက္ကားဈေး (၂၃၀၀၀)ကျပ်၊ လက်လီဈေး(၂၅၀၀၀) ကျပ်၊ ဗမာကြက်သား ဈေးနှုန်းလက္ကားဈေးမှာ(၃၀၀၀၀)ကျပ်၊ လက်လီဈေး (၃၃၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်လီဈေး (၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။
Doca(စစ်ကိုင်း)