Main menu

တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားလျှောက်ထားသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ ၆ ရက်နေ့၊  (၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့်စပ်လျဥ်း၍ ထားဝယ်မြို့မှ ထားဝယ်ဂါဂျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ၊ လုပ်ငန်းရှင် များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို တိကျ မှန်ကန်စွာဖော်ပြပေးရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာ ဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့်ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါရှိရမည့် အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)