Main menu

“မိုးစပါးစိုက်ပျိုးရန်အတွက်ပျိုးများစတင်ထောင်လျက်ရှိ”

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သောကြောင့် ရာသီမရွေး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ တောင်သူဦးကြီးများသည် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးသည့်အနက် စပါးသီးနှံကိုလည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် မိုးစပါးများပျိုးထောင်ရန် အတွက်ဆည်မှပျိုးကြဲရေပေးသော ကြောင့်စပါးပျိုးများ စတင်ပျိုးထောင်လျက်ရှိပါသည်။ စပါးပျိုးထောင်ရန်အတွက် (၁)ဧကမျိုး(၂)တင်းခန့်ပျိုးထောင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ ဧရာပဒေသာမျိုး၊ မနောသုခမျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။ မျိုးဈေးနှုန်းအနေဖြင့် ဧရာပဒေသာ တစ်တင်းလျှင်(၃၀၀၀၀/-)ကျပ် ၊ မနောသုခတစ်တင်းလျှင်(၂၃၀၀၀/-)ကျပ် ဖြင့်ဝယ်ယူစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုပျိုးထောင် စရိတ်အနေဖြင့် တစ်ဧက စိုက်ပျိုးမှုအတွက် ထွန်ထယ် နှင့် မြေဩဇာဖိုး အပါအဝင် (၂၅၀၀၀၀/-) ကျပ်ခန့် ကုန်ကြကျကြောင်း၊ပျိုးထောင်ပြီး ပျိုးသက်တမ်း (၄၅)ရက်တွင် စပါးစိုက်ပျိုးရန် အတွက် ပျိုးနုတ်ပြီး စတင်စိုက်ပျိုး၍ရကြောင်း၊ စပါးစတင်ပျိုးထောင်နေသော တောင်သူတစ်ဦး ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)