
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံ မျိုးစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းငရုတ်ပွသီးကို မန္တလေးမြိူ့မှ မှာယူရောင်း ချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ပန်းငရုတ်ပွသီး ဈေးနှုန်းမှာ ပန်းငရုတ်ပွသီးတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၅၀၀) ကျပ်နှင့် ပန်းငရုတ်ပွသီး (၁၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူ များ ထံမှ သိရပါသည်။
DOCA( စစ်ကိုင်း)